ဒေးဒရဲမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဒေးဒရဲ မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့နေ့လယ် (၁၂) နာရီက အမှတ်(၂) ရပ်ကွက်ရှိ  အမှတ်(၁) အခြေခံပညာအထက်ကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအပြီး ကျောင်းသား၊ ကျောင်းသူများအား သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း (၁၃-၇-၁၉၄၇)ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ ၂၇-၃-၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အား(၁၀)ပါး၊ တပ်မတော်၏ဆောင်ပုဒ်များ၊ ဖိုးလေးလုံး သောင်းကိုကို၏ ပြည်သူချစ်တဲ့ တပ်မတော်ကဗျာ၊ ကာတွန်း၊ မြန်မာ့တပ်မတော်၏ သမိုင်းအဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့သော သမိုင်းကြောင်းများကို ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အေဇာလင်း