(၇၈)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေး

စစ်ကိုင်း မတ် ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈)နှစ်မြောက်၊ တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသား/သူများအား ယနေ့ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်၊ တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀)ပါး၊ “စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်” (ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက် နုတ်ချက်)၊ “အမျိုးသားနိုင်ငံရေးတာဝန်များကို သစ္စာရှိရှိ ကျေးပွန်စွာထမ်းဆောင်” (နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၂ ရက်နေ့ (၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)၊ ဖိုးလေးလုံးသောင်းကိုကို၏ “ပြည်သူ ချစ်တဲ့တပ်မတော်” ကဗျာ  စသည့်အကြောင်းအရာများ ဖော်ပြပါရှိသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် နေ့ကြီး/ရက်ကြီးများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်