ရွှေဘိုမြို့နယ်၌ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

​ရွှေဘို မတ် ၁၆

ကျောင်းသား​၊​ ကျောင်းသူလူငယ်​​မောင်မယ်​လေးများ၊​ကျောင်းစာပြင်ပအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်​စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက ​အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူများထံ သွားရောက် ဖြန့်ဝေခဲ့သည်။

 အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀) ပါး၊ ပြည်သူချစ်တဲ့တပ်မတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၇) နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန်းခွန်းကောက်နုတ်ချက်များနှင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော် ခန်းမတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ် ချက်များပါဝင်ကြောင်း သိရသည်။

​အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)