ညောင်တုန်းမြို့တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ညောင်တုန်း မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဌာနဆိုင်ရာရုံးများနှင့် တပ်ရင်းတပ်ဖွဲ့များသို့ ဖြန့်ဝေခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင်  (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ “စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်” ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်သူ့အစည်းအဝေးမိန့်ခွန်း ကောက်နုတ်ချက်၊ တပ်မတော်၏အား(၁၀)ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မိန့်ကြားခဲ့သည့် “အမျိုးသားနိုင်ငံရေးတာဝန်များကို သစ္စာရှိရှိကျေပွန်စွာထမ်းဆောင်” (၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ကဗျာ၊ ဆောင်းပါး၊ ကာတွန်း စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)