ပိုင်ကျုံ မတ် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်နှင့်တနင်းသရောကျေးရွာ ဆက်သွယ်ထားသည့် ချောင်းကူး တံတားအား နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးစလုံး ပြည်သူများသွားလာနိုင်စေရေးအတွက် သံကူကွန်ကရစ်တံတား တည်ဆောက် နေမှုကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါတံတားသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက် ပေးလျက်ရှိကြောင်း၊ ယင်းတံတားအား သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ရေး အင်ဂျင်နီယာတို့နှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်ချက်တို့ကို လမ်းညွှန် မှာကြားခဲ့သည်။
တံတားတည်ဆောက်ရေးလုပ်ငန်းများပြီးစီးပါက တနင်းသရောကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူလာမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)