တနင်္သာရီ မတ်လ ၁၆
၂၀၂၃ခုနှစ်၊မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အခမဲ့ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသူ/သားများနှင့် လုံခြုံရေး တာဝန်ယူပေးနေကြသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအား ယမန်နေ့ မွန်းတည့် ၁၂ နာရီ ကျောင်းလွတ်ချိန်က အ.ထ.က-တနင်္သာရီစာစစ်ဌာန အရှေ့တွင် ဖြန့်ဝေပေးခဲ့ကြသည်။
၎င်း(၇၈)နှစ်မြောက်၊ တပ်မတောနေ့ အထိမ်းအမှတ် ပညာပေး လက်ကမ်းစာစောင်တွင် အမျိုးသားနိုင်ငံရေး တာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာ ထမ်းဆောင်နေတာ ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် (၂၇-၃-၂၀၂၂)ရက်နေ့ (၇၇)နှစ်မြောက်၊ တပ်မတော်နေ့ စစ်ရေးပြအခမ်း အနား၌ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ ဖိုးလေးလုံးသောင်း ကိုကို၏ ပြည်သူချစ်တဲ့ တပ်မတော်ကဗျာ ၊(၇၈)နှစ် မြောက်၊ တပ်မတော်နေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၃-၇-၁၉၄၇)နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့ အစည်းအဝေး၌ ပြောကြားခဲ့သည့် စွမ်းအားရှိသမျှ ကာကွယ်ပေးမယ် မိန့်ခွန်းကောက် နှုတ်ချက်၊ တပ်မတော်၏ အား(၁၀)ပါး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန် ထမ်းရွက်ခဲ့ကြောင်း ဆောင်ပါးနှင့် အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ။ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်။ ကဗျာတိုများ…စသဖြင့် စိတ်ဝင်စားဖွယ် ရောင်စုံဓါတ်ပုံများ ဖော်ပြပါရှိပါသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)