မုံရွာ မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈)ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ အမြို့မြို့အနယ်နယ်ရှိ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရှိရပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ပထဝီဝင် ဘာသာရပ်အား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၁၇၀ ဦး၊ ကန့်ဘလူမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း၂၀၁ ဦး၊ ကျွန်းလှမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၁၀၀ ဦး၊ မုံရွာမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၆၂ ဦး၊ ကသာမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၂၁၃ ဦး၊ အင်းတော်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၂၂၅ ဦး၊ ထီးချိုင့်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၁၀၅ ဦး၊ ဗန်းမောက်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၄၆ ဦး၊ ဝန်းသိုမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၅၀ ဦး၊ ကလေးမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၁၈၃ ဦး၊ ကလေးဝမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၂၁၉ဦး၊ မင်းကင်းမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၂၃၇ ဦး၊ မော်လိုက်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၁၆၂ဦး၊ ဖောင်းပြင်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၃၅၄ ဦး၊ ခန္တီးမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၁၆၁ ဦး၊ဟုမ္မလင်းမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၁၁၄၇ ဦး၊ လေရှီးမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၁၉၄ဦး၊ လဟယ်မြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၁၉၀ဦး၊ နန်းယွန်းမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း ၁၆၅ဦး ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၌ ယနေ့ဖြေဆိုသည့် စာစစ်ဌာန စုစုပေါင်း(၅၀)ခုရှိပြီး ပထဝီဝင် ဘာသာရပ် ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၉၉၃ ဦး စာရင်းပေးသွင်းထားပြီး စုစုပေါင်း ၄၃၃၉ ဦး ဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုမှု ရာခိုင်နှုန်းအားဖြင့် ၈၆ ဒသမ ၉၀ ရာခိုင်နှုန်း ရှိကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယနေ့ဖြေဆိုသည့် စာဖြေဌာန (၅၀) ခု၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များနှင့် မြို့နယ်/ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)