မင်းဘူး မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပထဝီဘာသာရပ်အား ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိရာ မင်းဘူး(စကု)မြို့ နယ်အတွင်းရှိ သတ်မှတ်ဖြေဆိုဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိ ကြသည်။
ထိုကဲ့သို့ ဖြေဆိုလျက် ရှိရာတွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မင်းဘူးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း စကုမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မုန်တောင်တို့၏ စာဖြေဌာန သုံးခုတွင် တက္ကသိုလ်ဝင်တန်း ပထဝီဘာသာရပ် ဖြေဆိုသူ (၁၀၆) ဦး၊ ပျက်ကွက် (၆) ဦး ဖြစ်၍ ဖြေဆိုမှု ၉၁ ဒသမ ၃၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာထက်(မင်းဘူး)