မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မော်လမြိုင်ကျွန်း မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) တွင် ယနေ့ နံနက် (၁၁) နာရီအချိန်က ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပသည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းနှင့်ဝန်းထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုအမိန့်အရ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေးတို့ဦးဆောင်မှုဖြင့် ကျောင်းသား/ ကျောင်းသူလေးများက ဖိုးသာအောင်၊ ကြွက်ကလေး၊ မနှင်းဆီ၊ လုပ်အားပေး၊ နှုတ်ဆက်ပါတယ် ကဗျာများဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများကို လက်ဆောင်များပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)