ညောင်တုန်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ညောင်တုန်း မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  (Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က  လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေး၏ ဆိုးကျိုးများကြောင့် လူညွန့်တုံးခဲ့ရသည့် သာဓကများနှင့်မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန်အချက်များစသည့် လူငယ်လူရွယ်များနှင့်ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ၂၁ ရာစုတွင် တွေ့ရှိရသော မူးယစ်ဆေးဝါးများစသည့် အကြောင်းအရာများပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကိုပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့သည်။

ထက်ဝေဖြိုး(ပြန်ဆက်)