ခမောက်ကြီး မတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်း စိုက်ပျိုးထားသော တောင်သူပညာပေး (organic) ဓာတုကင်းလွတ် တိုင်ထောင်ပဲတောင့်ရှည် စိုက်ခင်းစမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
အဆိုပါ တိုင်ထောင်ပဲတောင့်ရှည် စိုက်ခင်းကို ခမောက်ကြီးမြို့၊ စိုက်ပျိုးရေးဌာနဦးစီးမှူး ဒေါ်အေးသီတာ ဦးဆောင်၍ ရုံးဝန်းအတွင်း တောင်သူပညာပေးအနေဖြင့် စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်သည်။ မြေဩဇာအနေဖြင့် ပိုးသတ်ဆေးလုံးဝမသုံပဲ ဆီအုန်းကြိတ်ဖတ် သဘာဝမြေသြဇာ တစ်မျိုးတည်းကိုသာ အသုံးပြုစိုက်ပျိုးထားခြင်းဖြစ်သည့်အတွက် ကျန်းမာရေးနှင့်ညီညွှတ်ပြီး အတောင့်ရှည်၍ အသီးလှကြောင်းသိရသည်။ အဆိုပါစိုက်ခင်းအား လမ်းသွားလမ်းလာ/ စိုက်ပျိုးရေးဝါသနာပါသူများက ဝင်ရောက်လေ့လာ၍ စိုက်ပျိုးရေး နည်းစနစ်များအား မေးမြန်းကြကြောင်း ခမောက်ကြီးမြို့စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)