ရွှေဘို မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာ Grammer သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်မှ သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်ခင်ချောမူကအခြေခံGrammer၊ဗျည်း၊ သရ၊ ဝါစင်္ဂ(၈) မျိုးစသည်တို့ကို သင်ကြားပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူများအား အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဝန်ထမ်းများလုပ်ငန်းခွင်ရာထူးတိုးဖြေဆိုရာတွင် အခက်အခဲမရှိဖြေဆိုနိုင်စေရန်သင်ကြားပေးရခြင်းဖြစ်ပြီး၊ သင်တန်းကိုမတ်လ (၁၅) ရက်နေ့မှ (၂၉) ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းသား/သူ(၁၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)