ပေါက်ခေါင်းမြို့နယ်၌ ဒေသခံတောင်သူများစိုက်ပျိုးထားသည့်  ဖူးစားပြောင်းများအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

ပေါက်ခေါင်း မတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ၏ လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် ဖူးစားပြောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင်ဈေးကောင်းရရှိကြောင်း သိရသည်။

"ဦးလေးတို့ ခြံမြေမှာ ခုနှစ်သီးနှံများအနေနဲ့ ငရုပ်သီး၊ ခရမ်းသီးမျိုးစုံ၊ ဆလပ်၊ ပြောင်းဖူးနဲ့ ကြက်သွန်နီစတဲ့သီးနှံပင်တွေစိုက်ပျိုးထားပါတယ် ဖူးစားပြောင်းကိုတော့ စီးပွားဖြစ်စိုက်တယ် နွေ၊ မိုး၊ ဆောင်းသုံးရာသီလုံးစိုက်တယ် ရေကတော့မြေအောက်ရေပေါ့ နွေစပါးရေလွှတ်ချိန်မှာတော့ မြောင်းရေကိုအသုံးပြုလို့ရပါတယ်၊ ခုကပြောင်းဖူးစတင်ခုတ်ယူရောင်းချနေပါပြီ  တစ်ဖူးကို ၂၅၀ ကျပ်နဲ့ အများဈေးနဲ့က တစ်ဖူးကို ၂၀၀ ကျပ်နဲ့ရောင်းပါတယ် ပြောင်းဖူးကစရိတ်သက်သာပြီး အကျိုးအမြတ်ရရှိတဲ့ သီးနှံဖြစ်ပြီး တစ်ပိုင်တစ်နိုင်ကနေ စီးပွားဖြစ်စိုက်ပျိုးနိုင်တဲ့သီးနှံဖြစ်ပါတယ် "ဟု ရေဖြူကျေးရွာမှသီးနှံစုံစိုက်ပျိုးသူဦးသိန်းဝင်းကပြောသည်။ ပေါက်ခေါင်းမြို့နယ်တွင် ဆောင်းရာသီသီးနှံအဖြစ်ဖူး‌စားပြောင်းကို ၉၄ ဧကအထိစိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)