သံတောင်ကြီးမြို့တွင် တောင်ပေါ်ခရမ်းချည်သီးများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ခြင်းကြောင့် မိသားစုအဆင်ပြေ

သံတောင်ကြီး မတ်လ ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော ဒေသဖြစ်ပြီး ပြည်သူအများစုမှာ အသက်မွေးဝမ်းမှုအဖြစ် တောင်ယာများ ခုတ်ပြီး မီးရှိုးကာ နှစ်ရှည ခံသီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက်  တောင်ယာများတွင် နှစ်တိုသီးနှံဖြစ်သည့်   တောင်ပေါ်ခရမ်းချည်သီးပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုး   လျက်ရှိသည်။ ယခု မတ်လ ဒုတိယပတ်မှစပြီး တောင်ပေါ်ခရမ်းချည်သီးများမှာ အသီးများ ရင့်မှည့်လာပြီဖြစ်သောကြောင့်  ဒေသခံပြည်သူများမှာ သွားရောက်ခူးယူပြီး ပြန်လည်ရောင်းချရာတွင်   မိသားစုအပိုဝင်ငွေရရှိကာ  အဆေပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသခံပြည်သူများမှာ  ခရမ်းချည်သီးများ စိုက်ပျိုးရာတွင် အသီးများ အထွက်နှုန်းကောင်းစေရန်အတွက် စင်ထိုးကာ စိုက်ပျိုးလျက်ရှိသည်။ တောင်ပေါ်ခရမ်းချည်သီးများ သည် အခြားသော ခရမ်းချဉ်သီးများနှင့်  မတူဘဲ အချဉ်ဓာတ် ပိုများသောကြောင့် ပြည်သူအများစုမှာ ကြိုက်နှစ်သက်ကြပြီး  သံတောင်ကြီးမြို့ပေါ်တွင်သာ ရောင်းချကြသည်။ ယခုအချိန်တွင် တောင်ပေါ်ခရမ်းချည်သီး တစ်ပိဿာကို ကျပ် (၂၀၀၀)မှ ကျပ် (၂၅၀၀)ထိ ရရှိပြီး ခရမ်းချဉ်သီး စိုက်ပျိုးလုပ်ကိုင်သူများမှာ မိသားစုအပိုဝင်ငွေရရှိပြီး စာဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

နော်နော်မူ