သာပေါင်းမြို့ပေါ် ရပ်ကွက်များ၌ မီးဘေးအန္တရာယ်ကာကွယ်ရေး (သင့်ကြောင်း မီးမလောင်ပါစေနှင့်) မြေစိုက်ပိုစတာ စိုက်ထူအသိပေးနှိုးဆော်

သာပေါင်း မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့‌ ပေါ်ရပ်ကွက်များ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က လမ်းဆုံများတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး (သင့်ကြောင်းမီးမလောင်ပါစေနှင့်) မြေစိုက်ပိုစတာစို က်ထူအသိပေးနှိုးဆော်ခဲ့ကြသည်။

(သင့်ကြောင်းမီးမလောင်ပါစေနှင့်) မီးဘေးအန္တရာယ်ကာကွယ်ရေး မြေစိုက်အသိ‌ပေး နှိုးဆော်ပိုစတာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး၊ မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မြင့်၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြထွေး၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထက်နှင့် တပ်ဖွဲ့ဝင်တို့က လမ်းဆုံလမ်းမ၊ လမ်းလေးခွဆုံတို့၌ အသိပေးနှိုးဆော် မြေစိုက်ပိုစတာစိုက်ထူခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)