လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ပုသိမ် မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများအား ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မတ်လ ၁၄ ရက်နေ့တွင် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်နိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ်(၂၀၀,၀၀ဝိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ်(၁၁၀,၀၀ဝိ/-)၊ ကိုးဆူအုပ်စု၊ သဲဂရက်ကျေးရွာရှိ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၃၀,၀၀ဝိ/-)၊ ရွှေမြင်တင်အုပ်စု၊ ဝါးယားချောင်းကျေးရွာနှင့် ဇင်ပြွန်းကုန်းအုပ်စု၊ ဓနုံးချောင်းကျေးရွာရှိ ပြိုကျပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၂၀၀၀၀ဝိ/-)၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၅၄၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ ကျား/မ (၃၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၇၃,၅၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၆၁၃၅၀ဝိ/-)တိတိနှင့် လူသုံးကုန်ပစ္စည်းများအား ဘေးသင့် ပြည်သူများ လက်၀ယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြင့်ဟန်

ပုသိမ်ခရိုင်(ပြန်/ဆက်)