တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Fancy လက်မှုထည်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မုံရွာ မတ် ၁၅

၂၀၂၃-ခုနှစ် စစ်ကိုင်းတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး   လူငယ်ရေးရာကော်မတီနှင့်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Fancy လက်မှုထည်များ ထုတ်လုပ်နည်း သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက သင်တန်းဆင်းအမှာစကား ပြောကြာပြီးနောက် သင်တန်း နည်းပြဆရာတစ်ဦးက သင်တန်းဖွင့်လှစ်ပေးခဲ့မှု အခြေအနေများနှင့် သင်တန်းကာလအတွင်း အတွေ့အကြုံများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက အမှတ်တရလက်ဆောင်ပစ္စည်းများကိုပေးအပ်ရာ သင်တန်းနည်းပြ ဆရာတစ်ဦးက လက်ခံရယူခဲ့ပြီးနောက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသား(၂)ဦးက လက်ခံယူခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Fancy လက်မှုထည်ထုတ်လုပ်နည်း သင်တန်းတွင် သင်တန်းနည်းပြဆရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့်   အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် စိတ်ပါဝင်စားသူများ  သင်တန်းသားသင်တန်းသူ စုစုပေါင်း(၂၉)ဦးကို လက်ကိုင်အိတ်အမျိုစုံနှင့် သော့ချိတ်မျိုးစုံ ပြုလုနည်းများအား မတ်လ(၉)ရက်နေ့မှ မတ်လ(၁၅)ရက်နေ့အထိ သင်တန်းကာလ ရက်သတ္တတစ်ပတ်ကြာ စာတွေ့လက်တေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)