တနင်္သာရီ မတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ (အ.ထ.က-တနင်္သာရီ) စာစစ်ဌာနအတွင်း ၂၀၂၂-၂၃ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (ဆဋ္ဌမ)နေ့မြောက်၊ (ဇီဝ/ဘောဂ)ဗေဒဘာသာရပ်ကို စိတ်အေးချမ်းသာစွာဖြေဆိုပြီး၍ ပြန်လည် ထွက်ခွာသည့် အတွဲ-၁၊ အတွဲ-၂ နှင့် အတွဲ-၇ ဘာသာတွဲများမှ ကျောင်းသား/သူ (၁၇၃)ဦးနှင့် ကြီးကြပ်ရေးမှူး ဆရာ/မများ စုစုပေါင်း(၂၀၀)ဦးခန့်တို့အား မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မင်းအောင်နှင့်တပ်ဖွဲ့ဝင်များ တနင်္သာရီမြို့နယ် (စရတ) (ကရခ)တပ်စု-၃ တပ်စုမှူး ဗိုလ်ကြီး မင်းဆဦးနှင့်တပ်ဖွဲ့ဝင်များက ရေသန့်ဗူး၊ အအေးဗူးနှင့်ကိတ်မုန့်များ၊ စုစုပေါင်းကာလတန်ဘိုး (၂၈၅၀၀၀) ကျပ်ခန့်ကို အာဟာရအဖြစ် ပေးဝေခဲ့ကြကြောင်း သိရသည်။
ထိုသို့ ရေသန့်ဗူး၊ အအေးဗူးနှင့်ကိတ်မုန့်များပေးဝေနေမှုကို တနင်္သာရီမြို့နယ် အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော် သက်ထူးနှင့်မြို့နယ်ပညာရေးမှူး ဦးခင်ဇော်တို့ က အားပေးကြည့်ရှု၍ ကျောင်းသား/သူများ နှင့်ကြီးကြပ်ရေးမှူးဆရာ/မများထံသို့ ရေသန့်၊ အအေးနှင့်မုန့်များကို ရင်းနှီးခင်မင်စွာ ပူးပေါင်းဝေငှ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
နန်းသာရီထိန်ဝင်း(ပြန်ဆက်)