အမာ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်(၁)နာရီ၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပခဲ့သည်။
အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်နှင့် သက်ဆိုင်သော အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားပြီး စာအုပ်ပြပွဲတွင် မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော စာအုပ်၊ စာစောင်များ၊ သုတ၊ ရသစာအုပ်များကို ပြသထားရှိရာ Book Club အဖွဲ့ဝင်များနှင့် စာဖတ် ပရိတ်သတ်များက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြသည်။
အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် စာအုပ်ပြပွဲများ၊ အသိပညာပေး Talk Show များ၊ ပြိုင်ပွဲများကို လစဥ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမာ(ပြန်/ဆက်)