သရက်ချောင်း မတ် ၁၆
နွေရာသီကျောင်းပိတ်ရက်၌ ကလေး/သူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် ဉာဏ်ရည်/ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ရုပ်ပုံပြပုံပြောခြင်းကို ယနေ့မွန်းလွဲ ၁နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကလေး/သူငယ်များအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ရုပ်ပုံပြပုံပြောခြင်း ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ''မိတ်ဆွေငါးဦး'' ပုံပြင်ခေါင်းစဥ်ဖြင့် ရုပ်ပုံပြ၍ ပုံပြင်ပြောပြခြင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ ဆုရရှိသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)