ဖြူးမြို့နယ်တွင် ပြည်သူများထံသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး

ဖြူး မတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ပြည်သူများ စာအုပ်စာပေ ပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာဖတ်ရှိန်မြင့်စေရေးအတွက်ရည်ရွယ်ကာ ယနေ့မွန်းလွဲပိုင်းက သုတရသစာအုပ်စာစောင်များ၊ ကလေးစာပေများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လိုက်လံငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ငှားရမ်းပေးရာတွင် လူကြီးများအနေဖြင့် သုတ၊ ရသစာအုပ်များ ငှားရမ်းကြသည့်အပြင် ကလေးငယ်များ စိတ်ဝင်စားစေသည့် ကလေးစာပေစာအုပ်များကိုလည်း မိဘများက ငှားရမ်းပေးကြကြောင်း တာဝန်ယူငှားရမ်းပေးသူ ဝန်ထမ်းများထံမှ သိရသည်။

အဆိုပါနေ့က ဌာနဆိုင်ရာများဖြစ်သည့် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ မီးသတ်ဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းတို့တွင် ဝန်ထမ်းမိသားစုဝင်များအား သုတရသ စာအုပ်များ၊ ကလေးစာပေများ၊ စာစောင်များ ငှားရမ်း​ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)