ဒိုက်ဦးမြို့၊ သံတံတားရပ်ကွက်၊ ဇမ္ဗူရတနာကျောင်းတိုက်၌ မင်္ဂလာတရားတော်သင်တန်းနှင့် English Grammar သင်တန်းများဖွင့်လှစ်သင်ကြားပေး

ဒိုက်ဦး မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ တံတားရပ်ကွက်၊ ဇမ္ဗူရတနာကျောင်းတိုက်၌ မင်္ဂလာတရားတော်သင်တန်းနှင့် English Grammar သင်တန်းများကို မတ်လ(၁၀)ရက်နေ့မှစတင်၍ အရှင်ပညာဝံသ(ဒိုးတန်း) (သဒ္ဓမ္မဇောတိကဓဇ၊ ကမ္မဋ္ဌာနာစရိယ)ဇမ္ဗူရတနာဆရာတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

သင်တန်းကာလမှာ ၄၅ ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်း၌ အရှင်ပညာဝံသ(ဒိုးတန်း)(သဒ္ဓမ္မဇောတိကဓဇ၊ကမ္မဋ္ဌာနာစရိယ)ကဦးဆောင်ပြီး သင်ကြားမည့်ဆရာများမှာ အရှင်ကုသလ ဉာဏ(ဝိနယဝိဒူ၊ ဝိနယမာမက၊ အင်္ဂုတ္တရနိကာယဝိဒူ)သင်တန်း၊ ဦးအောင်သက်ပိုင် (အဘိဓမ္မဓရ၊ စူဠအာဘိဓမ္မိကကလျာဏဉာဏဓဇ၊ ပါဠိသိပ္ပဝိသိဋ္ဌဘူမိက)၊ ဦးလှဦး(အစိုးရ အဘိဓမ္မာမြို့နယ်အဆင့်ဒုတိယ)နှင့် ဒေါ်ဟေမာန်ငြိမ်းချမ်း (အဘိဓမ္မဓရ level2i အစိုးရအဘိဓမ္မာ ဂုဏ်ထူးဆောင်တိုင်းအဆင့်ပထမ)တို့က သင်ကြားကာ သင်တန်းသား/သူ ၁၀၀ ကျော် တက်ရောက်သင်ကြားနေကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)