ဆင်ပေါင်ဝဲ မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စာစစ်ဌာနသုံးခုတွင် ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆိုကြသည်။
ဆင်ပေါင်ဝဲမြို့နယ်မှ အခြေခံပညာအထက်တန်းကျောင်း(ဆင်ပေါင်ဝဲ)၊ အခြေခံပညာအထက်တန်းကျောင်း(ချောင်းကောက်)၊ အခြေခံပညာအထက်တန်းကျောင်း(လက်ပန်) စာစစ်ဌာန သုံးခုတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာရပ် ဖြေဆိုသူ(၈၁)ဦးရှိသဖြင့် ဖြေဆိုမှု ၈၉ ဒသမ ၀၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)