ပလောက် မတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အ.ထ.က ပလောက်စာစစ်ဌာနတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးကြသည့် ကျောင်းသား/ကျောင်းသူများအား အားဖြည့်အချိုရည်များပေးဝေခြင်းကို ယမန်နေ့နေ့လယ် (၁၂)နာရီခွဲ အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဖြေဆိုပြီးသည့် ကျောင်းသား/ကျောင်းသူများအား ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်၊ ပလောက်တပ်နယ်နှင့် မြို့လျှပ်စစ်ဦးစီးမှူးရုံးမှ လျှပ်စစ်ကျွမ်းကျင်-၄ ဦး တို့က ကျောင်းသား/ကျောင်းသူများကို အားဖြည့်အချိုရည်များ လှူဒါန်းပေးဝေခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)