ပခုက္ကူ မတ် ၁၅
၂၀၂၃ခုနှစ်၊ မတ်လ၂၇ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ပခုက္ကူမြို့၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယနေ့ နံနက်၈နာရီအချိန်က ဆောင်ရွက်သည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူ (လူငယ်လူရွယ်) များအနေဖြင့် တပ်မတော်နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိ နိုင်ကြစေရန်ရည်ရွယ်၍ ခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက “(၇၈) နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်၊ ဆောင်ပုဒ်၊ ဂုဏ်ပြုကဗျာ၊ ဆောင်းပါးနှင့်ကာတွန်းများ၊ တပ်မတော်၏အား (၁၀)ပါး၊ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ၁၃ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန်းခွန်းမှကောက်ချက်၊ ၂၀၂၂ခုနှစ်၊ မတ်လ၂၇ရက်နေ့ (၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန်းခွန်းမှကောက်နုတ်ချက်” စသည့်အကြောင်း အရာများပါဝင်သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းရှိ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၅)သင်တန်းသူများထံ ဖြန့်ဝေကြကြောင်း သိရသည်။
ထို့အပြင် ပခုက္ကူမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်း၊တပ်ဖွဲ့နှင့်မိသားစုဝင်များထံကိုလည်း(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ အသီးသီးဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)