အောင်လံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

အောင်လံ မတ် ၁၅

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ မတ်လ(၈)ရက်နေ့မှစတင်၍ ဖြေဆိုခဲ့ရာ မတ်လ(၁၄)ရက်နေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုရပြီး ယနေ့အထိ(၆)ဘာသာဖြေဆိုပြီးဖြစ်သည်။ အောင်လံခရိုင် အောင်လံမြို့နယ်၌ စာစစ်ဌာန(၅)ခုရှိပြီး ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကိုအေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အောင်လံမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ-ထ-က(၁)၊ အ-ထ-က(၃)၊ အ-ထ-က(ပြလို့)၊ အ-ထ-က(သမ္ဘူလ)၊ အ-ထ-က(ကျီရပ်ကုန်း) စာစစ်ဌာန(၅)ခုတွင် စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ (၇၉၂)ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၇၃၁)ဦးရှိပြီး ပျက်ကွက်သူ(၆၁)ဦးရှိသဖြင့် ၉၂.၃၀ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးသိန်း(ပြန်/ဆက်)