(၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များ ကံမမြို့နယ်၌ ဖြန့်ဝေ

ကံမ မတ် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊   ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  အ.ထ.က(ကံမ) ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုခဲ့ ကြ‌သော ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့ နေ့လယ်(၁၂)နာရီက ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါတပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်  တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၇-၃-၂၀၂၂ ရက်နေ့ (၇၇) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ကဗျာ၊ ကာတွန်း၊ဆောင်းပါး အစရှိသည်တို့ ပါဝင်ပြီး  သတင်းစကား လက်ကမ်းစာစောင်(၄၅၀)အား ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ   ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)