တောင်တွင်းကြီး မတ် ၁၅
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ယမန်နေ့နေ့လယ်(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်နှင့် လူမှုဝန်ထမ်းဦးစီးဌာန တောင်ပြင်(၂)မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူမောင်မောင်တို့က အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ၂၀၁၆ ခုနှစ်ဆိုင်များနှင့် အလုပ်ဌာနများဥပဒေမှ ကလေးအလုပ်သမားများ၏ အသက်အရွယ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် page တွင် ထုတ်လွှင့်တင်ဆက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)