ကလိန်အောင် မတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများကို ယနေ့နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ကလိန်အောင်နယ်မြေ မီးသတ်ဦးစီးဌာနဒုတိယဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ အဆင်သင့် ဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိမှုနှင့် လျှပ်စစ်မီးများ သွယ်တန်းထားရှိမှုများကို စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို အကြုံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် အသိပညာပေးလုပ်ငန်းများကို မြို့ပေါ်နှင့် ကျေးရွာများတွင် တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေး ဆော်သြခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)