သရက်ချောင်း မတ် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင် ကလေး/သူငယ်များနှင့် ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပုံတူဆွဲပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်ကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကလေးသူငယ်များအား နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝစေရန်၊ မိမိတို့၏ကိုယ်ပိုင်ဉာဏ်စွမ်းအားတို့ဖြင့်အရာရာကို ပုံဖော်ဖန်တီးတတ်စေရန်နှင့် ပန်းချီပညာကိုတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများ ဆက်လက်ပြုလုပ်ရာ ကလေးငယ်များက ပါဝင်ဆင်နွှဲခဲ့ကြသည်။ ၎င်းနောက် ဆုရရှိသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)