မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝ/ဘောဂဘာသာရပ်ကို ကျောင်းသား/ကျောင်းသူပေါင်း(၇၃၈)ဦး ဝင်ရောက်ဖြေဆို

မင်းဘူး မတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝ/ဘောဂဘာသာရပ် (နောက်ဆုံးရက်)ကို ယနေ့နံနက် ၉ နာရီအချိန်က စာစစ်ဌာန(၃)ခုတွင် ကျောင်းသား/ကျောင်းသူပေါင်း (၇၃၈)ဦးအေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် အ.ထ.က(၁)မင်းဘူး၊ အ.ထ.က စကုနှင့် အ.ထ.ကမုန်တောင်ကျောင်းတို့၌ ယနေ့ဇီဝဗေဒဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၉၅)ဦး၊ ကျောင်းသူ(၁၆၇)ဦး၊ စုစုပေါင်း (၂၆၂)ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၆)ဦး၊ ကျောင်းသူ(၈)ဦး၊ စုစုပေါင်း (၁၄)ဦးရှိကြောင်း၊ ထို့အပြင် ဘောဂဗေဒဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၉၀)ဦး၊ ကျောင်းသူ (၂၈၆)ဦး၊ စုစုပေါင်း (၄၇၆)ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၂၅)ဦး၊ ကျောင်းသူ (၂၀)ဦး၊ စုစုပေါင်း(၄၅)ဦးရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခုတွင် ဇီဝ/ဘောဂဗေဒဘာရပ်တို့ကို ကျောင်းတွင်း/ကျောင်းပြင် ဝင်ရောက်ဖြေဆိုရန်စာရင်းရှိ ကျောင်းသား (၃၁၆)ဦး၊ ကျောင်းသူ (၄၈၁)ဦး၊ စုစုပေါင်း(၇၉၇)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၈၅)ဦး၊ ကျောင်းသူ (၄၅၃)ဦး၊ စုစုပေါင်း (၇၃၈)ဦးရှိကာ ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၃၁)ဦး၊ ကျောင်းသူ(၂၈)ဦး၊ စုစုပေါင်း (၅၉)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသည့် ရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၆၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မောင်မောင်(မင်းဘူး)