ငပုတော မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အရိုးဒါး ကျေးရွာအုပ်စု၊ အရိုးဒါးကျေးရွာ၌ ကရင် တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းမှ Grade–(1)၊ Grade(2) အပတ်စဥ် (၆) မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (အရိုးဒါး) ပညာသီရိခန်းမ ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသား လူမျိုးများစွာ စုပေါင်း နေထိုင်လျက်ရှိပြီး မိမိရိုးရာ ကိုးကွယ်ယုံကြည်မှု စာပေ၊ ယဥ်ကျေးမှုများဖြင့် အသက်ရှင်နေထိုင် လျက်ရှိကြောင်း၊ မိမိတို့၏ ရိုးရာကိုးကွယ် ယုံကြည်မှု၊ စာပေနှင့် ယဥ်ကျေးမှုများကို မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရ မည်ဖြစ်ကြောင်းနှင့် မိမိတို့၏ ကရင်စာပေကို ချစ်မြတ်နိုးတတ်စေရန် အဖွင့်မှာစကားပြောကြားပြီး ကရင် တိုင်းရင်းသား စာပေယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ မန်းအိုင်ခလိန်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်ကျင်အေးနှင့် ကျေးရွာအုပ်စုမှ တာဝန်ရှိသူများ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၂၃)ဦး တက်ရောက်ခဲ့ပြီး (၁၅.၃.၂၀၂၃)ရက်နေ့မှ (၁၇.၃.၂၀၂၃) ရက်နေ့ အထိ (၃)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ သည်။
အောင်သူ(ပြန်/ဆက်)