ငပုတော မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ အုပ်စု၊ တောင်ကလေးကျေးရွာ၊ အထက-တောင်ကလေး စာစစ်ဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ၊ စာစစ်ဌာန၌ အတွင်းစည်း၊ အပြင်စည်းဖြင့် လုံခြုံရေး ဆောင်ရွက် ထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ မီးဘေးအန္တရာယ် ကင်းဝေးစေရေး ၊ယာဥ်လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် တောင်ကလေးတိုက်နယ်ဆေးရုံအား ကြည့်ရှုစစ်ဆေးပြီး ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားပြီး အဆိုပါ ဆေးရုံဝန်းအတွင်း ဝန်ထမ်းအိမ်ယာဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး၊ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် မှာကြားခဲ့ပြီး တောင်ကလေးနယ်မြေ မီးငြှိမ်း သတ်ရေးစခန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူ များထံ မှာကြားခဲ့သည်။
ဆက်လက်ပြီး ဖိုးရွှေလှော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု အား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အဆောက်အဦအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးဆောင်ရွက်နိုင်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)