မြို့သစ်မြို့နယ်တွင်၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

မြို့သစ်  မတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စာစစ်ဌာန(၂)ခု၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ရှေးဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ  မှန်/မမှန်စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ပေးသည်။ 

မြို့သစ်မြို့နယ်တွင် ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်တွင် စာရင်းရှိ ကျား(၃၅၇)ဦး၊ မ (၅၀၀) ဦး၊ စုစုပေါင်း (၈၅၇)ဦး ရှိရာ၊ ဖြေဆိုသူ ကျောင်းသား (၃၂၆)ဦး ၊ မ(၄၇၇)ဦး၊ စုစုပေါင်းဖြေဆို သူ (၈၀၃) ဦးဖြေဆိုခဲ့ပြီး (၉၃ ဒဿမ၇၀) ရာခိုင်နှုန်းဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယင်းသို့ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(IPRD)