ညောင်တုန်း မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က လူထုအခြေပြုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင် ဦးတင်မောင်က ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ ကြက်ခြေနီအကြောင်း သိကောင်းစရာများနှင့် ကြက်ခြေနီအသင်း ဖြစ်ပေါ်လာပုံများကို ရှင်းလင်း ပြောကြား၍ သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး မင်းသူအောင် ဦးဆောင်၍ သင်တန်းနည်းပြများက သင်တန်းသား/သူများအား ရှေးဦးပြုစု နည်းစနစ်များကို စာတွေ့၊ လက်တွေ့သရုပ်ပြ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)