အိမ်မဲ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ ညနေ (၃)နာရီ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က အသိ ပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ သည်။
ဆက်လက်ပြီး မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော စာအုပ်၊ စာစောင်ကို ပြသထားရှိရာ Book Club အဖွဲ့ဝင်များနှင့် စာဖတ် ပရိတ်သတ်များက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြသည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် စာအုပ်ပြပွဲများ၊ အသိပညာပေး Talk Show များ၊ ပြိုင်ပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)