လိပ်သို မတ် ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်လူငယ်များ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့၏ ဂုဏ်ဒြပ် ဖြစ်သည့် ကြီးကျယ်မြင့်မြတ်မှုသည် သားစဉ်မြေးမြစ် ထိန်းသိမ်းစွမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်ကို မတ်လ ၁၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်က လိပ်သိုမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ရှိမှုသည် လူ့အဖွဲ့အစည်းအတွင်းရှိ ဓလေ့ရိုးရာ၊ ယုံကြည်မှု၊ အမူအကျင့်၊ စရိုက် လက္ခဏာများစွာပါဝင်ကြောင်း Talk Show ဆွေးနွေးပွဲအစီအစဉ် ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး စာပေဝါသနာရှင်(Book Club)အဖွဲ့ဝင် စောအယ်ရှီးက အနာဂတ် လူငယ် ကျောင်းသား/ကျောင်းသူများအနေဖြင့် ယဉ်ကျေးမှု လူ့အသိုက်အဝန်းဆိုင်ရာ အမူ အကျင့်ကောင်းသည် မြန်မာနိုင်ငံသာမက ကမ္ဘာတစ်ဝန်းလုံးနှင့် သက်ဆိုင်ပတ်သက်နေ ပါကြောင်း၊ လူအချင်းချင်း ဆက်သွယ်ကြရာတွင် ယဉ်ကျေးသောစကားကိုဆိုခြင်း၊ ယဉ် ကျေးစွာ သွားလာနေထိုင်ခြင်းများ ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ ကြီးသူကို ရိုသေ၊ ငယ်သူ ကိုလေးစားဟူသော စကားရပ်လည်းပြန်လည်သုံးစွဲသင့်ကြောင်း၊ အဆင့်မြင့် လူ့ယဉ်ကျေး မှုတွင် ဂါရ၀တရားထားရှိရန် ရည်ညွှန်းထားကြောင်း၊ လူ့အဖွဲ့အစည်းအတွင်း လူအချင်း ချင်း ဆက်ဆံရေးသည် အရေးပါဆုံးဖြစ်ကြောင်း၊ လူတစ်ယောက်၏ ဆက်ဆံရေးကောင်း မွန်မှုသည် သိမ်မွေ့သော အနုပညာတစ်ရပ်ဖြစ်ပါကြောင်း၊ လူသားမျိုးဆက် အဆက်ဆက် သို့တိုင် လက်ဆင့်ကမ်းအမွေပေးရမည့် လူသားဆန်သော ယဉ်ကျေးမှုအမွေတစ်ရပ်မှာ စာနာနားလည်မှုသာဖြစ်ပြီး လိမ္မာယဉ်ကျေးမှုအတွက် တေးတစ်ပုဒ်နှယ် ချိုမြလှပါ ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီံးစီးဌာနအနေဖြင့် ဒေသနေပြည်သူ များနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် သက်ဆိုင်ရာကဏ္ဍ များအလိုက် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)