ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏(၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ပဲခူး မတ် ၁၅

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏(၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားအား တန်ခူးလဆန်း(၁၀)ရက် ၃၀-၃-၂၀၂၃ ညနေ(၄)နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး တန်ခူးလဆန်း (၁၄)ရက် ၃-၄-၂ဝ၂၃ နံနက် (၅) နာရီတွင် အနေကဇာတင်ခြင်းနှင့် တစ်နေ့တာ ပဌာန်းရွတ်ဖတ်ပူဇော်မည်ဖြစ်သည်။ ၄-၄-၂ဝ၂၃ တန်ခူးလပြည့်နေ့ နံနက်(၅)နာရီတွင် ဆွမ်းတော်ကြီးတင် ကပ်လှူပူဇော်၍ ညနေ (၃) နာရီတွင် ဘုရားအမှူးပြုသော သံဃာတော် (၅၀၀)ပါးတို့အား အများပေါင်းစုကောင်းမှုကုသိုလ်တို့ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်မည် ဖြစ်ကြောင်း သိရသည်။ တန်ခူးလပြည့်ကျော်(၅)ရက် ၉-၄-၂၀၂၃ နံနက်(၆)နာရီတွင် အများပြည်သူလှူဒါန်းသော ကုသိုလ်ကောင်းမှုအစုစုတို့အား ရေစက်သွန်းချအမျှဝေ၍ ပွဲတော် ပိတ်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏(၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် တန်ခူးလပြည့်နေ့၌ ဆွမ်းဆန် စိမ်းလောင်းလှူလိုသူများအနေဖြင့် စေတီတော်ကြီး အနောက်အာရုံခံအနီး နှီးဘုရားရှေ့ရှိ ဘုံ(၇)ဆင့်အောက် ဗဟိုမဏ္ဍပ်တွင် လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ၏ပြောပြချက်အရ သိရသည်။

သက်ဖြိုးကြိုင် ပြန်/ဆက်