ဇီးကုန်းမြို့နယ်တွင် နွေရာသီအခြေခံအင်္ဂလိပ်စာသဒ္ဒါ(အခမဲ့)သင်တန်းဖွင့်လှစ်

ဇီးကုန်း    မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာအခြေခံကို နားလည်သိရှိစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသဒ္ဒါ(အခမဲ့)သင်တန်းကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

အခြေခံအင်္ဂလိပ်စာ(အခမဲ့)သင်တန်းတွင် ပညာမော်ကွန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ကြည်ကြည်စန်းနှင့် ဆရာကြီးဦးဆန်းမြင့်ထွန်းတို့က စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေရာသီအခြေခံအင်္ဂလိပ်စာ(အခမဲ့)သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၅)ဦးတက်ရောက်သင်ကြားလျက်ရှိပြီး Grammer-33 မျိုးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ မတ်လ ၁၅ ရက်မှ ၁၉ ရက်နေ့ထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)