ဆင်ပေါင်ဝဲ မတ် ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ စာစစ်ဌာနသုံးခုတွင် မတ် ၁၅ ရက်က ကျောင်းသား၊ ကျောင်းသူများတက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆိုကြသည်။
ဆင်ပေါင်ဝဲမြို့နယ်မှ အခြေခံပညာအထက်တန်းကျောင်း(ဆင်ပေါင်ဝဲ)၊ အခြေခံပညာအထက်တန်းကျောင်း(ချောင်းကောက်)၊ အခြေခံပညာအထက်တန်းကျောင်း (လက်ပန်)စာစစ်ဌာနသုံးခုတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ် စာရင်းပေးသွင်းသူ(၄၃)ဦး အနက်ဖြေဆိုသူ(၃၇)ဦး၊ ပျက်ကွက်(၆)ဦးရှိသဖြင့် ဖြေဆိုမှု ၈၆ ဒသမ ၀၅ ရာခိုင်နှုန်းရှိပြီး ဘောဂဗေဒဘာသာရပ်စာရင်းပေးသွင်းသူ(၃၀၇)ဦး အနက်ဖြေဆိုသူ(၂၆၂)ဦး၊ ပျက်ကွက်(၄၅)ဦးရှိသဖြင့် ဖြေဆိုမှု ၈၅ ဒသမ ၃၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့နယ်ရှိ စာစစ်ဌာနသုံးခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်လုံ ခြုံရေးတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)