သာယာဝတီမြို့တွင် ဌာနဆိုင်ရာရုံးများ၌ မီးဘေးလုံခြုံရေးကြည့်ရှုစစ်ဆေး

သာယာဝတီ မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဌာနဆိုင်ရာရုံးများ၌ ယမန်နေ့ နေ့လယ်ပိုင်း သာယာဝတီမြို့နယ် မီးသတ်ဦးစီး ဌာနမှ မီးဘေးလုံခြုံရေးအတွက် (ဒုတိယအကြိမ်) မြောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ကြည့်ရှုစစ်ဆေးရာတွင် သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများရှိ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှု ရှိ၊ မရှိ၊ လျှပ်စစ်ဝါယာကြိုးများနှင့် မီးပလပ်ပေါက်များအား ကြည့်ရှု စစ်ဆေးခဲ့ပြီး မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုများကို ဌာနဆိုင်ရာဝန်ထမ်းများအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)