နတ်မောက် မတ် ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြဗဟိုဌာန (Community Centre)တွင် လူငယ်လူရွယ်များ၊ ကျောင်းသား/သူများ အသိပညာဗဟုသုတများ ရရှိရေးအတွက် ဗဟုသုတရဖွယ် အသိပညာပေးလှုပ်ရှားမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/သူများအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား/သူများကို စာသင်နှစ်စမှ နောက်ဆုံးစာမေးပွဲ မကျင်းပမီကြားကာလများတွင် လူထုအခြေပြုဗဟိုဌာနသို့ ဖိတ်ခေါ်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူ နေ့ကြီးရက်ကြီးများတွင် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ၊ ပန်းချီပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ လူငယ်အသိပညာပေးဟောပြောပွဲများ ဆောင် ရွက်ပေးခြင်းနှင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်း၊ Book Club အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းများ ကျင်းပခြင်း၊ အသိပညာပေး Talk Show များ ကျင်းပပေးခြင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် အခမဲ့ကွန်ပျူတာသင်တန်းဖွင့်လှစ်ပေးခြင်းနှင့် အခမဲ့ပန်းချီသင်တန်းများ ဖွင့်လှစ်ပေးခြင်းစသည့် လှုပ်ရှားမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိက ပြောသည်။
အလားတူလက်ရှိကာလတွင် ကျောင်းသား/သူ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ မြန်မာစာလုံးပေါင်းသတ်ပုံကို ကျယ်ပြန့်စွာ လေ့လာစေပြီး “မြန်မာစာသတ်ပုံအမှန် ရွေးကြမယ်”ပြိုင်ပွဲ၊ လူမှုကွန်ရက်စာမျက်နှာ(Facebook) သုံးစွဲခြင်း၏ ဆိုကျိုး/ကောင်းကျိုးခေါင်းစဉ်ဖြင့် စကားရည်လုပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။
မူမူစန်း