တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၅

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယမန်နေ့က ရူပဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုခြင်းဖြစ်သည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။ 

တနင်္သာရီတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ရူပဗေဒဘာသာရပ်ကို ဖြေဆိုကြရာတွင် ဘုတ်ပြင်းမြို့နယ်ရှိ အ.ထ.က(ဘုတ်ပြင်း)စာစစ်ဌာနတွင်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၅၉) ဦး၊ ပုလောမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၃၈) ဦး၊ ပလောက်မြို့နယ်ရှိ အ.ထ.က (ပလောက်) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၁) ဦးဖြစ်သဖြင့် ၉၆.၄၃ ရာခိုင်နှုန်း၊ တနင်္သာရီမြို့နယ်ရှိ အ.ထ.က(တနင်္သာရီ)စာစစ်ဌာနတွင်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၆၁) ဦး၊ ပျက်ကွက် (၅၉) ဦးဖြစ်သဖြင့် ၇၃.၁၈ ရာခိုင်နှုန်း၊ ကလိန်အောင်မြို့နယ်ရှိ အ.ထ.က(ကလိန်အောင်)စာစစ်ဌာနတွင်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၂) ဦးဖြစ်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၄.၆၂ ရာခိုင်နှုန်းတို့ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် စာစစ်ဌာနစုစုပေါင်း (၁၉) ခုရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။