စလင်း မတ် ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်တံရေးဦးစီးဌာနရုံးတွင် ကလေးအလုပ်သမားပ ပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီ၏ စီစဥ်လမ်းညွှန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်းအတွင်း နံရံ၌ချိပ်ဆွဲ၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား ယမန်နေ့ နံနက် ၉ နာရီ ၃၀မိနစ် အချိန်ကပြသခဲ့ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်တွင် ကလေးအလုပ်သမားနှင့်ပတ်သက်၍ ဆိုင်(သို့မဟုတ်) ကုန်သွယ်အလုပ်ဌာန(သို့မဟုတ်) အများပျော်ရွှင်ရေးအလုပ်ဌာနများ၌ အသက်(၁၄)နှစ်မပြည့်သေးသောသူကို အလုပ်လုပ်ခွင့်မပြုရ၊ အသက်(၁၈)နှစ်မပြည့်သူကို အန္တရာယ်ရှိသောအလုပ်တွင် မလုပ်စေရ၊ (သို့မဟုတ်)လုပ်ခွင့်မပြုရ၊ ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ပေါ်စေသော အလုပ်လုပ်ရန်ခိုင်းစေခြင်းမပြုရ၊ ကလေးအလုပ်သမားခိုင်းစေခြင်းအား အတူတကွတိုက်ဖျက်ကြပါစို့၊ ကျွန်ုပ်တို့ကလေးများ၏အနာဂတ်၊ လုံခြုံစိတ်ချနိုင်ရန် ကလေးလုပ်သားခိုင်းစေခြင်းကို အဆုံးသတ်ခြင်းဖြင့် စတင်လုပ်ဆောင်ကြပါစို့ စသည့် အသိပညာပေးအကြောင်းအရာများနှင့် ကာတွန်းရုပ်ပြများပါဝင်ကြောင်း သိရသည်။
ကလေးသူငယ်များငယ်စဥ်ကာလ၌ စာသင်ခန်းတွင် ပညာသင်ကြားနေရမည့်အရွယ် စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေကြခြင်းမှာ ကလေးများ၏ အနာဂတ်ကိုသာမက နိုင်ငံတော်၏အနာဂတ်ကိုပါ ထိခိုက်နစ်နာစေသည့်အတွက် ၂၀၁၆ ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများ ဥပဒေအရ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၁၃ နှင့် ၁၄ ပါ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များမှ ပြဌာန်းချက်တစ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက (၆)လထက်မပိုသော ထောင်ဒဏ်ဖြစ်စေအနည်းဆုံး ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများပါသည့် နံရံကပ်စာစောင်အားပြည်သူများ စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)