သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာရှိ တရုတ်စာပေစာသင်ကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး စစ်ဆေးခြင်းများနှင့် လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်

သိန္နီ မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာရှိ တရုတ်စာပေစာသင်ကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ဆေးခြင်းများနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်မှု များကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မတ် ၁၃ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဂွမ်းအောင်နှင့် ဝန်ထမ်းများက နမ့်စလပ်ကျေးရွာ တရုတ်စာပေစာသင်ကျောင်း၌ လျှပ်စစ်ဝါယာကြိုးသွယ်တန်း ထားမှု အခြေအနေများ၊ ရေသိုလှောင်သုံးစွဲမှုအခြေအနေများ၊ အရေးပေါ်မီးသတ်ဆေးဗူးထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိပညာပေးပြောကြားခဲ့ သည်။ ထို့နောက် မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အထောက်အကူဖြစ်စေမည့် မီးသတ်ဆေးဘူး အသုံးပြု နည်းများကိုလည်း သရုပ်ပြကာ လက်တွေ့ ဆောင်ရွက်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)