ပဲခူး မတ် ၁၄
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ်ဦးကျော်ဝင်းသည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာအေးအေးခိုင်တို့နှင့်အတူ ပဲခူးမြို့နယ်အတွင်းရှိ အ.ထ.က(အင်းတကော်)စာစစ်ဌာန၊ အ.ထ.က(၁)ပဲခူးစာစစ်ဌာန၊ အ.ထ.က(ဘုရားကြီး)စာစစ်ဌာနများသို့လာရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူများ ရူပဗေဒဘာသာရပ်ဖြေဆိုနေမှုအား ကြည့်ရှုကြရာ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးဆရာကြီးဦးစိုးလွင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)