ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာအုပ်စု၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ကျိုက်လတ် မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၏ နွေစပါးအထွက်နှုန်းအား သိရှိနိုင်ရန် ရည်ရွယ်၍ နွေစပါးစံကွက် ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာအုပ်စု ကွင်းအမှတ် ၉၉(ဘီ)၊ ဦးပိုင်အမှတ် ၃/၇ ရှိ တောင်သူ ဦးအောင်မြင့်ဦး၏ နွေစပါးစိုက်ခင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

“လှည်းဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၉၉(ဘီ)၊ ဦးပိုင်အမှတ် ၃/၇ ရှိ တောင်သူ ဦးအောင်မြင့်ဦးရဲ့ DW11 နွေစပါးစိုက် ဧရိယာအတွင်းမှာ ရိတ်သိမ်းခဲ့တာဖြစ်ပြီး တစ်ဧကကို အစိုတင်း (၁၅၆ ဒသမ ၅၉)တင်း နဲ့ အခြောက်တင်း (၁၄၇ ဒသမ ၀၂)တင်း၊ ထွက်ရှိပါတယ် ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့  မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စို က်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြား ထားသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)