နတ်မောက် မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် သင်္ဘောပင်များရှင်သန်၍ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကြောင်း သည်။
“ကျွန်မကတော့သင်္ဘောပင်စိုက်ပျိုးသူပါ။ စိုက်ပျိုးထားတဲ့ သင်္ဘောတွေကတော့ ဗမာသင်္ဘောနဲ့ ထိုင်ဝမ်သင်္ဘောမျိုး တွေဖြစ်ပါတယ်။ သင်္ဘောများစိုက်ရာမှာ ကျင်းကိုနက်နက်တူးပြီး သဘာဝမြေဩဇာဖြစ်သည့် မြေဆွေး၊ နွားချေး တွေကိုထည့်ရပါတယ်။ ရေလောင်းရာတွင်လည်း ရေမြောင်းစနစ်ကို အသုံးပြုပြီး ရေမြောင်းကနေ ရေလွှဲပေးလိုက်ရင် သင်္ဘောကျင်းတွေဆီရောက်ပြီး ရေကို (၂) နာရီအကြာအထိ ရေလွှဲပေးထားရပါတယ်။ ကျွန်မစိုက်ပျိုးထားတဲ့ သင်္ဘောပင် တွေကတော့ သင်္ဘောအပင် (၅၀၀) စိုက်ပျိုးထားပြီး အခုဆိုရင်သင်္ဘောသီးများ ခူးယူရောင်းချလို့ရနေပါပြီ၊ သင်္ဘောသီးအစိမ်းများကိုတော့ အသုပ်ရောင်းချသူ များက လာရောက်ဝယ်ယူကြပါတယ်၊ အများဆုံးကတော့ အသီးရင့်အောင်ထားပြီး ပင်မှည့်ထားပြီး ရောင်းချပါတယ်၊ ပင်မှည့်ဖြစ်တာကြောင့် စားသုံးသူလည်း ပိုမိုနှစ်ခြိုက်ကြတာပေါ့ ခုဆိုရင် သင်္ဘောသီးအလုံးပေါ်မူတည်ပြီး တစ်လုံးကို ၁၂၀၀ ကျပ်ကနေ ၂၀၀၀ ကျပ်ထိရောင်းရပါတယ်ဟု သင်္ဘောစိုက်ပျိုးလုပ်ကိုင်သူ ဒေါ်ရီဆွေက ပြောသည်။
မူမူစန်း