သနပ်ပင်မြို့နယ် ကော့ပြတ်ရပ်ကွက်၊ ရိတ်သာလမ်းထိပ် အတက်အဆင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်

သနပ်ပင် မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ကော့ပြတ်ရပ်ကွက်၊ ရိပ်သာလမ်းထိပ် အတက်အဆင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တင်ပြချက်အရ ၂၀၂၂-၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးဘတ်ဂျတ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံ‌ငွေဖြင့် မတ်လပထမပတ်မှစတင်ကာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါလမ်းအား ဒေသခံပြည်သူများသွားလာရေး လွယ်ကူချာမွေ့စေရန် ထိပ်ဝအကျယ် ၆၀ ပေ၊  ဘေးဘက်အလျား၊ ၄၀‌ ပေ၊ ၁၂ ပေအကျယ် လမ်းသွယ်နှစ်ခုဖြင့် မူလကွန်ကရစ်လမ်းများဖြင့် ဆက်သွယ်မည်ဖြစ်ပြီး အဆိုပါအတက်အဆင်းလမ်းဆုံသည် ကျေးရွာကုန်ထုတ်လမ်းများနှင့် ဆက်သွယ်ထားသည့် လမ်းဆုံဖြစ်သောကြောင့် ရာနှုန်းပြည့်ပြီးစီးပါက ယင်းလမ်းအား အသုံးပြုနေသည့် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေးကျန်းမာရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကဏ္ဍများတွင် သွားလာရပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ကြောင်း မြို့နယ်စည်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ  ဦးအောင်သူရထံမှ သိရသည်။

လှမိုး(ပြန်/ဆက်)