ငဖဲ မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ကျောင်းသားကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိရာ စာဖြေဌာနသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၉၀၅) အမြှောက်တပ်ဌာနချုပ် ပဒါန်းတပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချူပ် မျိုးသန့်နှင့် တာဝန်ရှိသူများအဖွဲ့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့လာရောက်ကြည့်ရှုစစ်ဆေးရာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၉၀၅)အမြှောက်တပ် ဌာနချုပ် ပဒါန်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချူပ်မျိုးသန့်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်အေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးဦးကျော်ဝင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်မာမာအေးနှင့် တာဝန်ကျဌာန ဆိုင်ရာများက စာဖြေသူကျောင်းသား/သူ အရေအတွက်၊ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်း သာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် လုံခြုံရေး စနစ်တကျစီမံ ဆောင်ရွက်ထားရှိမှု၊ စာဖြေခန်းများတွင် စာသင်ခုံများစနစ် တကျစီစဉ်ဆောင်ရွက်ပြီး စာမေးပွဲကျင်းပ ဆောင်ရွက်မှုနှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်မှုမရှိစေရေးအတွက် သန့်ရှင်းရေးဆောင်ရွက်ထားမှုတို့ကို ရှင်းလင်းတင်ပြရာ ပဒါန်းတပ်နယ်မှူးဗိုလ်မှူးချုပ်မျိုးသန့်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ငဖဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာ စာစစ်ဌာန ၂ ခု တွင် ရူပဗေဒဘာသာရပ် ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ ( ၂၂၅ ) ဦး စာရင်းပေးသွင်းထားပြီး ဖြေဆိုသည့်နေ့တွင် အ.ထ.က-ငဖဲ စာစစ်ဌာန၌ ဖြေဆိုသူ (၂၉)ဦး၊ အ.ထ.က ပဒါန်းစာစစ်ဌာန၌ ဖြေဆိုသူ ( ၁၈၇ )ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ (၂၁၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသဖြင့် ၉၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မယု(ငဖဲ)